Saturday, September 29, 2012

အဘွားကြီးနှင့်ဘဏ်ဥက္ကဌ

အမေရိကန်ဘဏ်တစ်ခုတွင် အလွန်အသန့်ကြိုက်သော ဘဏ်ဥက္ကဌတစ်ယောက်အုပ်ချုပ်သည်။ တစ်နေ့သော် ထိုဘဏ်သို့ အဘွားအိုတစ်ယောက် ငွေအထုပ်အထည်နှင့်အများအပြားလာအပ်သည်။ ထိုအဖြစ်ကိုဥက္ကဌ မြင်လေသော် သိလိုစိတ်ဖြင့်စပ်စုမေးလိုက်သည်။
ဥက္ကဌ။  ။အဘွား..အဲ့လောက်များတဲ့ငွေတွေ ဘယ်ကရတာလဲ။
အဘွား။  ။ငါလောင်းကစားလုပ်လို့နိုင်တာတွေလေ။
ဥက္ကဌ။  ။ဟာအဘွားရယ်..ဘာလို့လောင်းကစားလုပ်ရတာလဲ။လောင်းကစားဆိုတာက အမြဲနိုင်တာမှမဟုတ်ပဲ။ ဒီငွေတွေနဲ့ဆိုအဘွားတစ်သက်လုံးစားလို့ရပါပြီ။ လောင်းကစား
ထပ်မလုပ်ပါနဲ့တော့နော် အဘွား။
အဘွား။  ။ငါကလောင်းကစားလုပ်ရင် အမြဲနိုင်တာဟ။

ဥက္ကဌ။ ။တစ်ခါတလေနိုင်တာကို အမြဲနိုင်တယ်လို့ မမှတ်ပါနဲ့။ကံဆိုတာအနိမ့်အမြင့်ရှိပါတယ်။
ထပ်ပြီးလောင်းကစားလုပ်ရင် အခုငွေတွေဆုံးသွားလိမ့်မယ်နော်။
မည်သို့ပင် ဖြောင့်ဖျသော်လည်း အဘွားကြီးကားသူအမြဲနိုင်ကြောင်းပဲ ပြောနေသည်။ကြာသော်အဘွားကြီးသည် စိတ်မရှည်ဟန်ဖြင့်
အဘွား။  ။အဲဒါဆိုရင်မင်းနဲ့ငါ လောင်းကြမယ်လေ။
ဥက္ကဌကလည်း ဒီအဘွားကြီးဆုံးမလိုက်ဦးမယ်ဟုတွေးကာ
ဥက္ကဌ။  ။ကောင်းပြီလေ။လောင်းကြတာပေါ့။
အဘွား။  ။ဒေါ်လာတစ်သန်းကြေးနော်။
ဥက္ကဌ။  ။ရပါတယ်။
အဘွား။  ။တစ်လပြည့်တဲ့နေ့ မင်းဖင်မှာပွေးပေါက်မပေါက်လောင်းကြမယ်။ဟုတ်ပြီလား။
ဒါဟာသိသာပါတယ်။ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘဏ်ဥက္ကဌက ဒီလောက်အသန့် ကြိုက်တာ ဘယ်လိုနည်းနဲ့မှ ဖင်မှာပွေးပေါက်စရာအကြောင်မရှိနိုင်လို့ပါ။
ဥက္ကဌ။  ။ကောင်းပြီလေ။လောင်းကြတာပေါ့။
ဥက္ကဌလည်းအဘွားကြီးကိုပညာပေးနိုင်ပြီ ဟုယုံကာ ကျေနပ်နေလေသည်။
တစ်လပြည့်သော် ဥက္ကဌ၏ဖင်၌ ပွေးမပေါက်ချေ။ ဥက္ကဌလည်းဒီအဘွားကြီး ကိုနိုင်တော့မည်ဟုတွေးကာပျော်နေသည်.
မလှမ်းမကမ်း၌ အဘွားကြီးလာနေသည်ကို မြင်ရလေပြီ။ သို့သော်သူမ တစ်ယောက်တည်းမဟုတ် ဘေး၌အဖော်တစ်ယောက်ပင်ပါလာသေးသည်။
ဥက္ကဌ။  ။ဟာဒီအဘွားကြီးငါ့ကိုမယုံလို့ သက်သေတောင်ခေါ်လာသေးပါလား။ရပါတယ်လေ ငါကနိုင်မှာပဲဟာ။
အဘွားရောက်သော်
ဥက္ကဌ။   ။အဘွားရှုံးပြီဗျ။ ကျွန်တော်ဖင်မှာပွေးမပေါက်ဘူး။
အဘွား။  ။မင်းပွေးမပေါက်ဘူး ဆိုတာ ငါတို့ကိုသက်သေပြဦးလေ။
ဥက္ကဌကလည်း သက်သေပြလေသည်။
ထိုအချိန်၌ အဘွားနှင့်အတူပါလာသူမှာ ဂစ်....ဂစ်....ဂစ်ဟူသောအသံနှင့် အတူမေ့လဲသွားချေသည်။
ဥက္ကဌ။  ။ဟောဗျာ အဘွားရဲ့မျက်မြင်သက်သေ မေ့လဲသွားပြီ။လုပ်ပါဦး။
အဘွား။  ။ကိစ္စမရှိပါဘူး..ထားလိုက်ပါ။သူနဲ့ငါက ဒေါ်လာနှစ်သန်းကြေးလောင်းထားတာလေ။အမေရိကန်
ဘဏ်ဥက္ကဌတစ်ယောက်က ငါ့ရှေ့မှာ သူ့ဖင်ကို လှန်ပြလိမ့်မယ်ဆိုပြီးလေ။
ဥက္ကဌ။  ။တိန်....

No comments:

Post a Comment