
မြေအိုးမြီးရှည်-ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
-မြီးရှည်ခေါက်ဆွဲ
- ငါးအသား၊ ကြက်သား၊ ဝက်သား၊ ပုဇွန်၊ ကြက်ဥတိုဖူး၊ ငါးဖယ်ပြားလေးများ
-ကြာစွယ်၊ အရွက်အစုံ၊ မှို၊ ပဲပင်ပေါက် ၊ ပဲကြာဇံ အပြားလေးများ (ရေစိမ်ပြီသား)
-ရှမ်းချဉ်
-ပဲငပိငရုတ်သီးကြော်
-ကြက်သားမှုန့်

မြေအိုးပူလာပြီဆိုရင် ပဲငပိနဲ့ရှမ်းချဉ်ကိုအရင်ထဲ့ပါ
ပြီးရင်ရေနဲ့ ကြက်သားမှုန့် ထဲ့ပြီးပွက်ပါစေ
ကြက်သား၊ ဝက်သားအသားများ အရင်ထဲ့ပြီး ကျက်လောက်ပြီဆိုရင် ပုဇွန်၊ ငါးအသား တို့ထဲ့ပြီး နောက်ဆုံးမှ -ကြာစွယ် ၊ ကြက်ဥတိုဖူး၊ အရွက်အစုံ၊ မှို၊ ပဲပင်ပေါက် ၊ ပဲကြာဇံ၊ မြီးရှည်ခေါက်ဆွဲ တို့ထဲ့ပြီးအဖုံးခဏအုပ်ပြီးရင် အလွန်ကောင်းတဲ့ မြေအိုးမြီးရှည် စားဖို့အသင့်ဖြစ်ပါပြီ၊ အငံဓါတ်ကဲပြီးသားမို့ ဆားလုံးဝမထဲ့တာပါ
No comments:
Post a Comment