
ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားမှ မင်းသမီးဖြစ်သူ အမ်မာဝပ်ဆန်သည် အွန်လိုင်းရှာဖွေမှုများတွင် အန္တရာယ်အများဆုံး celebrity ဖြစ်ကြောင်းနှင့် ဆိုက်အများစုသည် ၀ပ်ဆန်၏အမည်ကို အသုံးပြုကာ user များအား အန္တရာယ်ရှိသည့်ဆော့ဖ်ဝဲများ download ပြုလုပ်ခြင်း၊ကိုယ်ရေးအချက်အလက် ခိုးယူခြင်းတို့အတွက် လိမ်လည်လှည့်ဖြားလျက်ရှိကြောင်း McAfee မှပြောကြားလိုက်သည်။
အသက် ၂၂ နှစ်အရွယ် ၀ပ်ဆန်နှင့်ပတ်သက်၍ အင်တာနက်၌ ရှာဖွေမှုများတွင် အန္တရာယ်အရှိဆုံး celebrity များကို လေ့လာမှုပြုလုပ်ခဲ့ပြီး ခြောက်ကြိမ်မြောက်တွင် အမ်မာဝပ်ဆန်ကို အန္တရာယ်အများဆုံး celebrity အဖြစ် ဖော်ပြခဲ့ခြင်ဖြစ်သည်။ အွန်လိုင်းရှာဖွေမှုတွင် အန္တရာယ်အများဆုံး အခြား celebrity များမှာ ဂျက်စီကာဘီးလ်၊ အီဗာမန်ဒက်စ်၊ ဆီလီနာဂိုးမက်ဇ်နှင့် ဟယ်လီဘယ်ရီတို့ဖြစ်သည်။
No comments:
Post a Comment