Pages

Monday, October 1, 2012

တစ်ရက်ကို ၂၀၀ကျပ်နှင့် အင်တာနက်သုံးစွဲနိုင်မည့် Mobile E-mail service(mmict.net)

      Call Center မှဝန်ဆောင်မှု အသစ်အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အငတ်နက်သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထားပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက် အသုံးပြုခဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံဲးပြုနိုင်မှာ ဖြစ်ပါတယ် ။
           အသုံးပြုလို သူတွေအနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ရမှာဖြစ်ပါတယ် ။ ဒီလိုပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့စကားလုံးကို အင်္ဂလိပ် အက္ခရာစာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Password ကိုပေးပို့ရမှာ ဖြစ်ပါတယ် ။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ်ထဲမှာ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကိုသိရှိလိုပါကလည်း
Call Center သို့စုံစမ်း မေးမြန်းနိုင်တယ်လို့ သိရပါတယ် ။
           သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ်ထားပြီး အသုံးမပြု လိုတဲ့ရက်ရှိပါက Call Center သို့ကြိုတင် အကြောင်းကြာပြီး Sever ပိတ်ထားရမှာဖြစ်ပါတယ်။ ဒီလိုအကြောင်းမကြားပါက တစ်လစာအတွက် ကျပ် ၆၀၀၀ ကုငိ မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ ၀န်ဆောင်မှုကို ယခု ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment