Monday, October 8, 2012

Gtalk သုံးသူများ ဂျပန်လိုထိုင်းလိုရေးပြီးဖောကြရအောင်(mmict.net)


Gtalkသုံးနေသူများအတွက်..........အောက်ကအကောင့်လေးတွေကိုအရင်အပ်လိုက်ပါ........ရရင်.....ကိုယ်က .....အင်္ဂလိပ်လိုရိုက်ပေးရင်....
ဂျပန်လို၊ထိုင်းလို၊ကိုရီးယားလို၊တရုတ်လို.........ဘာသာပြန်ပေးတယ်နော်......အရှည်ကြီးတော့မရဘူးနော်....မှားတာရှိရင် ခွင့်လွှတ်နော်........

en2ja@bot.talk.google.com ကဂျပန်လို

en2th@bot.talk.google.com က ထိုင်းလို


en2ko@bot.talk.google.comက ကိုရီးယားလို


en2zh@bot.talk.google.comက တရုတ်လို

Sunday, October 7, 2012

ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သန်းတစ်ထောင်ပြည့်

wmt6
ဟားဗတ်ကျောင်းသားတစ်စုအတွက် စခဲ့သော လူမှုရေးကွန်ရက်အဖြစ်မှ ကမ္ဘာပေါ်ရှိအင်တာနက်သုံးစွဲသူ အမြောက်အမြားသုံးစွဲသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့သော ဖေ့စ်ဘွတ်ခ်သည် ယခုအခါ အသုံးပြုသူသန်းတစ်ထောင် ပြည့်ခဲ့ပြီဖြစ်ကြောင်း တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
"ဖေ့စ်ဘွတ်ခ်ကို လစဉ်ပုံမှန်သုံးစွဲနေသူအရေအတွက်ဟာ ဒီမနက်မှာတော့ သန်းတစ်ထောင်ကျော်ခဲ့ပါပြီ။

Monday, October 1, 2012

တစ်ရက်ကို ၂၀၀ကျပ်နှင့် အင်တာနက်သုံးစွဲနိုင်မည့် Mobile E-mail service(mmict.net)

      Call Center မှဝန်ဆောင်မှု အသစ်အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အငတ်နက်သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထားပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက် အသုံးပြုခဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံဲးပြုနိုင်မှာ ဖြစ်ပါတယ် ။

Online ရှာဖွေမှုတွင်အန္တရာယ်အများဆုံး celebrity(mmict.net)


ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားမှ မင်းသမီးဖြစ်သူ အမ်မာဝပ်ဆန်သည် အွန်လိုင်းရှာဖွေမှုများတွင် အန္တရာယ်အများဆုံး celebrity ဖြစ်ကြောင်းနှင့် ဆိုက်အများစုသည် ၀ပ်ဆန်၏အမည်ကို အသုံးပြုကာ user များအား အန္တရာယ်ရှိသည့်ဆော့ဖ်ဝဲများ download ပြုလုပ်ခြင်း၊ကိုယ်ရေးအချက်အလက် ခိုးယူခြင်းတို့အတွက် လိမ်လည်လှည့်ဖြားလျက်ရှိကြောင်း McAfee မှပြောကြားလိုက်သည်။

Sunday, September 30, 2012

ပျင်းနေပါကလုပ်စရာ(၁၀)ချက် (mmict.net)

သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။

၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက်
ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။
မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။

Saturday, September 29, 2012

ဝစေသောအကြောင်းတရား(၈)ချက်(Myanmar in Singapore)

၁။ ဖတ်ရှုလေ့လာနိုင်စွမ်း
အစားအသောက်တွေကို  ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ  ရှိနေသလို   အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန်  မကျသွားတဲ့  သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ  သိချင်နေမှာပါ။  အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက  အစားအသောက်တွေကို  ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး  ပါဝင်ပစ္စည်းတွေထဲက  ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။
၂။ ဆော်ဒါသောက်သော အလေ့အထ
လေ့လာမှုတွေအရ  တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင်

One at a time

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံ ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်ရင်းက ဟိုအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်း နီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။ သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။