Call Center မှဝန်ဆောင်မှု အသစ်အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့
အငတ်နက်သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅
ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့
သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထားပြီးဖြစ်တဲ့ CDMA, GSM Mobile
ဖုန်းတွေသာ အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက် အသုံးပြုခဖြစ်တဲ့ ၁
မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀
ကျပ်နဲ့ ၂၄ နာရီ အသုံဲးပြုနိုင်မှာ ဖြစ်ပါတယ် ။
အသုံးပြုလို
သူတွေအနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message
ပေးပို့ရမှာဖြစ်ပါတယ် ။ ဒီလိုပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ်
တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့စကားလုံးကို အင်္ဂလိပ် အက္ခရာစာလုံး
အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Password
ကိုပေးပို့ရမှာ ဖြစ်ပါတယ် ။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ်ထဲမှာ ဖြတ်သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကိုသိရှိလိုပါကလည်း
Call Center သို့စုံစမ်း မေးမြန်းနိုင်တယ်လို့ သိရပါတယ် ။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ်
သတ်မှတ်ထားပြီး အသုံးမပြု လိုတဲ့ရက်ရှိပါက Call Center သို့ကြိုတင်
အကြောင်းကြာပြီး Sever ပိတ်ထားရမှာဖြစ်ပါတယ်။ ဒီလိုအကြောင်းမကြားပါက
တစ်လစာအတွက် ကျပ် ၆၀၀၀ ကုငိ မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့
သိရပါတယ် ။ အဆိုပါ ၀န်ဆောင်မှုကို ယခု ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ
ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment