ပျင်းနေပါက လုပ်စရာ(၁၀)ချက်
သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။
၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက်
ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။
မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။
၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲဖြစ်ဖြစ် www.addictinggames.comသင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။
၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက်
ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။
မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။
မှာ အွန်လိုင်းဂိမ်းတစ်ခုခုကိုကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဂိမ်းအခွေတစ်ခွေကို
ကစားတာပဲဖြစ်ဖြစ်ပေါ့၊ဂိမ်းကစားခြင်းဟာ သင့်ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့
နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့အတူစီးမျောရင်း
သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာ ခံစားပါ။
၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ ဘာအစီအစဉ်တွေရှိလဲလို့
မေးကြည့်ပါ။
၅။ ရုပ်ရှင်တစ်ကားလောက် ကြည့်ပါ။ ဘယ်ဇာတ်လမ်းကို ကြည့်ရမယ်ဆိုတာ မသိဘူးဆိုရင်တော့
ခွေငှားဆိုင်ကိုသွားပါ၊ ပြီးတော့ ဘာခွေတွေ အသစ်ထွက်သလဲဆိုတာ မေးကြည့်ပါ။
၆။ တီထွင်ဖန်တီးမှု တစ်ခုခု လုပ်ပါ- ပုံဆွဲပါ။ ဆေးခြယ်ပါ။ လက်မှုပစ္စည်းတစ်ခုခု လုပ်ပါ။
ဒါမှမဟုတ် အဲဒီသုံးမျိုးစလုံး လုပ်ပါ။ သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တံခါးဖွင့်ပေးလိုက်ပါ။
၇။ ကဗျာတစ်ပုဒ် ၊ သီချင်းတစ်ပုဒ် ၊ ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ် ရေးပါ။ အဲဒီ သင့်ရဲ့ အနုပညာတွေကို
သိမ်းထားဖို့ နေရာမရှိဘူးဆိုရင်တော့ အခြားသူတွေနဲ့ မျှဝေပါ။ blog တစ်ခု ရေးပါ။
ဒါမှမဟုတ်DeviantArt စာမျက်နှာတစ်ခု ပြုလုပ်ပါ။
၈။ စာအုပ်ဖတ်ပါ။ ဖတ်စရာ စာအုပ်တစ်အုပ် မရှိဘူးလား။ ဒါဆို စာကြည့်တိုက်ကိုသွားပြီး စာအုပ်တစ်အုပ် ငှားပါ။
သင် ဘယ်လိုစာအုပ်မျိုးကို ကြိုက်တတ်တယ်ဆိုတာ မသေချာဘူးဆိုရင် စာကြည့်တိုက်မှူးကို
ဘာစာအုပ်ဖတ်ရမလဲဆိုတာ လမ်းညွှန်ခိုင်းပါ။ စာကြည့်တိုက်မှူးက သင့်ကို လိုလိုလားလား ကူညီမှာပါ။
၉။ လုပ်ချင်ရဲ့သားနဲ့ အချိန်မရလို့ မလုပ်ဖြစ်တဲ့အရာတစ်ခုခုကို လုပ်ပါ။ သင့်ရဲ့ အခန်းကို သန့်ရှင်းပါ။
စာအုပ်စင်ပေါ်က စာအုပ်တွေကို ပြန်စဉ်ပါ။ အ၀တ်လျှော်ပါ။ အမှိုက်တွေ ရှင်းချင်ရှင်းပါ။
ဒါမှမဟုတ် လုပ်စရာရှိတဲ့ အိမ်စာကို စောစောစီးစီးလုပ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့
လုပ်စရာစာရင်းထဲက တခြားတစ်ခုခုကို လုပ်ပါ။
၁၀။ လုပ်အားပေးပါ။ သင့်မှာ အားလပ်ချိန်တွေလည်း တော်တော်များများရှိနေတယ် ပြီးတော့
ပျင်းလည်းပျင်းနေတယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ သင်ပါဝင်လုပ်အားပေးနိုင်တဲ့ ကိစ္စတစ်ခုခု
ရှိသလားဆိုတာကြည့်ပါ။ သူတစ်ပါးကို ကူညီဖို့အတွက်ဆိုရင် အချိန်တိုင်းဟာ အချိန်ကောင်းတွေပါပဲ။
ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ပါစေ။ ပျော်စရာကောင်းတဲ့ လုပ်စရာတစ်ခုခု အမြဲတမ်း ရှိနေတယ်ဆိုတာ သတိရပါ။
ဝစေသောအကြောင်းတရား(၈)ချက်
၁။ ဖတ်ရှုလေ့လာနိုင်စွမ်းအစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။
၂။ ဆော်ဒါသောက်သော အလေ့အထ
လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင်
မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။
၃။ အိပ်ရေးပျက်ခြင်း
လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ ဓာတ်တွေ အထွက်များလာတာကြောင့် အစာ စားသုံးမှု များပြီး ကိုယ်အလေးချိန် များလာရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ကောင်းကောင်း အိပ်ရေးဝသူတွေထက် ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမို လျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ့ လေ့လာမှုအရ သိရပါတယ်။
၎။ အခန်း အပူချိန်
ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်း အပူချိန်ကို လျှော့ချလိုက်ပါ။ နွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန် တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်က အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။
၅။ ဝသော သူငယ်ချင်းများ ရှိခြင်း
နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆၇ ဦးကို လေ့လာမှုအရ အဝလွန်သူတွေရဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။
၆။ အစာကို အလွန်အမင်း စားခြင်း
တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီး စားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။
၇။ အဆိပ်ရှိသော ဓာတုပစ္စည်းများ
ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲ ထည့်ပြီး စားရင် ပလတ်စတစ်ထဲမှာ phthalate ဆိုတဲ့ ဓာတ် ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်း တိုးစေပါတယ်။
၈။ စိတ်ဖိစီးမှု အဆင့်
နာတာရှည် ဖိစီးမှုခံစားနေရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့အတူ အင်ဆူလင် ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများ စားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။
သွေးအမျိုးအစားနှင့် စိတ်ဓာတ်လေးများ(mmict.net)
" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို
မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ
ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး
အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်
စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို
နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ
ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့
ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို
မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ
တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့
မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ
မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ
လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ
ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့
မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..
. ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
" B "သွေးပိုင်ရှင်များ
ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ်
ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့် ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့... ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်... မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်
" O " သွေးပိုင်ရှင်များ
ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်...
အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...
" AB "သွေးပိုင်ရှင်များ..
အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...
ထေရ၀ါဒနှင့် မဟာယနဘယ်လိုကွာလဲ?(mmict.net)
ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။
ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသားသုံးသပ်ရန်မှာ အင်မတန်ခက်ခဲလှသည်။ အကြောင်းမှာ- တစ်ဖက်စောင်းနှင်းဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာမှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှားမှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည်ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။
သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများရရှိစေရန် စာအုပ်များဖတ်ရှုလေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြချက်များမှာ ဗုဒ္ဓအဆုံးအမနှင့် ကျမ်းဂန်လာများ သာ ဖြစ်ကြောင်း သိစေလိုပါသည်။
ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုးအများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာဖော်ပြလိုပါသည်။ ထို့နောက် မဟာယာနကို အကျယ်တစ်ပွင့်ဖော်ပြပါမည်။
ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ်ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်းမထေရ်တို့၏ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက်ပိုမိုကျယ်ပြန့်စွာလည်း ဖော်ပြနိုင်ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ်အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာစသည့် အရိယာအဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။
မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်းလမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။ ၁။ သတ္တဝါအများကိုကယ်တင်နိုင်သဖြင့် ကြီးကျယ်များပြားသော အနက်၊ ၂။ သမာရိုးကျဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက်သာလွန်မြင့်မြတ်သည့်ရည်မှန်းချက်ရှိသော အနက်… ထိုအနက်နှစ်ခုကြောင့် မဟာဟုခေါ်ဆိုခြင်းဖြစ်သည်။
သဒ္ဓရ်မပုဏ္ဍရိက ကျမ်းတွင် မဟာယနဝါဒကို အလွယ်နည်းဖြင့်သိရန် ပုံပြင်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိမ်ကြီးတစ်အိမ်တွင် ကလေးငယ်များ ကစားနေစဉ် ထိုအိမ်ကြီး မီးလောင်သည်ဆိုပါစို့။ ကလေးငယ်များက ဘာမျှ လုပ်တတ်ကြလိမ့်မည်မဟုတ်။ ထိုအခါ အားကောင်းမောင်းသန်ဖခင်ဖြစ်သူက ကလေးငယ်များနှင့်တကွ ကစားစရာများကိုပါ ယာဉ်ရာထားကြီးပေါ်တင်ပြီး မီးဘေးလွတ်ကင်းရာ သို့ထွက်ခဲ့သည်။ ထိုပုံပြင်၌ မီးလောင်နေသာ အိမ်ကြီးကို ဒေါသမီး၊လောဘမီး၊ မောဟမီး ဟုန်းဟုန်းတေက်လောင်မြိုက်နေသော ဤကမ္ဘာလောကကြီး၊ ကလေးငယ်များကို ပုထုဇဉ်လူသားများ၊ ကယ်တင်သူ ဖခင်ကို ဘုရားလောင်း၊ ကယ်တင်ရာ ယာဉ်ကို ဘုရားအလောင်းကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာများဖြင့် ဖော်ပြထားလေသည်။ ကလေးငယ်များ ကစားနေသော ကစားစရာယာဉ်များတွင် လူတကယ်စီးနိုင်လောက် သော လှည်းရုပ်များလည်းရှိမည်ဖြစ်သော်လည်း ထိုလှည်းကလေးများသည် ထကယ့်အရေးအကြောင်းရှိလာပါ မူကား အကူအညီရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။
ထို့ကြောင့် မဟာယန အယူအရ တစ်ဦးတစ်ယောက်တည်း နိဗ္ဗာန်သို့ရောက်ရန်ကျင့်ခြင်းသည် မမြင့်မြတ်၊ မိမိကိုယ်တိုင် ဘုရားဖြစ်မှသာ လောကကို ကယ်တင်နိုင်ပြီး အားလုံးကျွတ်အောင်ပြုနိုင်အပ်ပေသည်ဟု ယုံကြည်ကြသည်။
နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ဝါဒ) ရှိသည်။
၁။ သာဝကယာန ( သာဝက ရဟန်းဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)
၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)
၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။)
စသည်တို့ဖြစ်သည်။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၁၀၀ ခန့်တွင် ပထမ သံဃာယနာတင်ပြီးနောက်ပိုင်း ဟိနယာနဂိုဏ်းတစ်ခု ထေရဝါဒမှခွဲထွက်လာသည်။ ဒုတိယ သံဃာယနာကာလတွင်း ဝိနည်းဆယ်ပါး တီထွင်ပြဋ္ဌာန်းမှုကြောင့် မူလထေရဝါဒဂိုဏ်း ရဟန္တာမထေရ်ကြီးတို့က မိမိတို့အား သံဃာကံထားပြီး သာသနာတော်သန့်စင်ခဲ့သည်ကို အငြိုးထားကာ ရဟန္တာဆိုသည်မှာ ကိလေသာမကုန်သေး။ သံယောဇဉ်မကုန်သေး။ ထို့ကြောင့် ဘက်လိုက်မှုပြုတတ်သေးသည်။ အမှားကိုလည်းပြုတတ်သေးသည်။ ထို့ကြောင့် အရိယာဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိတို့သည် ထိုပထမသံဂါယနာတင် ရဟန္တာအိုကြီးများ၏ သာဝက လမ်းစဉ်ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ထို့ကြောင့် အစဦးပိုင်းတွင် ဟိနယာနဂိုဏ်းဝင်တို့သည် ပစ္စေကဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံအားထုတ်ရာ နောက်ပိုင်း ၄င်းထက်ပိုမြင့်မြတ်သော ဘုရားလမ်းစဉ် (ဝါ) ဘုရားလောင်းလမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက်ကွယ်ခဲ့သည်။
ဤတွင် စိတ်ဝင်စားဖွယ်တစ်ချက်ဝင်လာသည်။ မြတ်စွာဘုရားရှင်သည် လူ့ပြည်၌ သာဝကလမ်းစဉ်ကို သာဟောကြားခဲ့သည်။ အတိအကျဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ ထို့ကြောင့် မဟာယန လက်စွဲကျင့်ကြံသော သမ္မာသမ္ဗောဓိလမ်းစဉ်ကို မည်သို့ရရှိသနည်းဖြစ်သည်။
မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တလမ်းစဉ်နှင့် သုညသဝါဒကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက်ထိန်းသိမ်းပြန့်ပွားခဲ့သည်။ ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင်စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျဘုရားဟု မဟာယနတို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါယာနအယူကိုလက်ခံသဖြင့် ထိုထက်ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ကူးပြောင်းရာ မဟာယနပီပြင်လာခဲ့သည်။
မဟာယနတွင် ဒသဘူမိကဆယ်ဆင့်တရား၊ ဗောဓိသတ္တ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါးကျင့်စဉ်တရား စသည်ဖြင့်စသည်ဖြင့် ခိုင်မာသော တရားအုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်းအရင်းတစ်ရပ်ဖြစ်ပေသည်။
ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက်၏ အလယ်ဗဟိုကျင့်စဉ်၊ အစွန်းတရားပယ်နည်း၊ ပတ်လည်ငြင်းပယ်နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံးတွင် အစွဲအားလုံးကင်းသော နိဗ္ဗာန်အစစ် (သုညတာ) သို့သိမြင်ရသည်ဟု ဆိုထား၏။
သို့သော် မဟာယနတွင် အများဝေဖန်စရာ အချက်များရှိနေသေးသည်။ ၄င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန၏ အယူမှာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး လူ့ပြည်သို့ ဆင်းပြီး တရားမဟာခဲ့ ပုံရိပ်၊ ကာယအတုတို့ဖြင့်သာဖြစ်ပြီး ဘုရားလောင်းများကို တစ်ဆင့်ပါးပြီးလည်း ဟောတော်မူကြောင်ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ဗုဒ္ဓကို ကာယသုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယတို့အား လူတို့မဖူးတွေ့ရပုံ တို့ပါတိတိကျကျညွန်းဆိုထားကြသည်။
ထို့ကြောင့် အရေးအကြောင်းတစ်ခုခုလျှင် မြတ်စွာဘုရားမှမကယ်။ ဘုရားလောင်းများသာ လာရောက်ကယ်တင်ကြသည်ဟု ယုံကြည်သည်။ ဘုရားလောင်းများသည် နတ်သား၊ နတ်သမီးအဖြစ်လည်းကောင်း ဘဝအမျိုးမျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ လက်ရှိ တရုတ်တို့ကိုးကွယ်နေသာ ကွမ်ယင်မယ်တော်မှာ ဘုရားလောင်းဖြစ်သည်ဟုယုံကြည်ကြသည်။ မဟာယနတို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြားကာလမှ ဘုရားလောင်းများကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်းငှာ ကိုးကွယ်ဆည်းကပ်ကြလေသည်။
ထိုသို့ဘုရားလောင်းကိုးကွယ်ခြင်းသည် မဟာယနတွင် အင်မတန်ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿနိုးကိုပင် အမည်ပြောင်းလဲခေါ်ဆိုကာ ဘုရားအလောင်းတော်အဖြစ်ကိုးကွယ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး ဘုရားအလောင်းတော်ကိုကိုးကွယ်ရာတွင် ဘုရားအလောင်းတော်၏ မိဘုရား နတ်သမီးကိုပါကိုးကွယ်ခြင်းအထိ ဖြစ်လာသည်။ ယင်းကိုးကွယ်မှုသည် မြန်မာသို့ ပုဂံခေတ်ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာဘုရားအားထုလုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီးပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့မှ ကာမုဂုဏ်မွေ့လျော်မှုကိုဦးစားပေးလာကြရာ အယုတ်အညံ့ဆုံး လောကီရှုပ်ထွေးပွေလီမှုများ ပေါဝင်ဆက်စပ်လာတော့သည်။ ဘုရားအလောင်းများစွာကို နတ်ဘုရားမများဖြင့် စုံတွဲလိုက်ကိုးကွယ်တတ်အောင် ဘေးမှနေပြီး သွန်သင်ပေးသူတို့မှာ ဟိန္ဒူတန္တြဆရာများပင်ဖြစ်သည်။
အမှန်လျှင် ဗုဒ္ဓအယူဝါဒအရ ဘုရားလောင်းဟူသည် ဘုရားမဖြစ်သေး။ ကိလေသာမကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန်မသင့်မြတ်ဟု ယူဆထားကြသည်။ ဤတွင်လည်း ထေရဝါဒနှင့် မဟာယနကွဲလွဲချက်ကိုလည်း တွေ့နိုင်သည်။
မဟာယန ယုံကြည်ကိုးကွယ်မှုကို နတ်ဘုရားကိုးကွယ်မှုဖြင့် အဆုံးသတ်ထားခြင်းကြောင့် အထင်အမြင်မသေးသင့်ပေ။ မဟာယနတွင်လည်း အခြား ငြင်းမရသော မှန်ကန်သည့် အားသာချက်များ လည်းရှိနေသည်။ ကျင့်စဉ်အားဖြင့် ကွဲလွဲမှုများရှိသော်လည်း ကိလေသာ ကုန်စဉ်ရန် ရည်မှန်းချက် တူညီကြသည်။ အခြားခြားသော တူညီမှုများလည်းရှိနေသည်။
သို့ရာတွင် အနောက်တိုင်းနိုင်ငံသားများသည် ဗုဒ္ဓဘာသာကိုလေ့လာစမ်းစစ်ပြီး မဟာယနသို့ ကူးပြောင်းသူများရှိသကဲ့သို့ ထေရဝါဒသို့ ကူးပြောင်းသူများလည်းရှိနေသည်ကိုတွေ့သည်။
မိမိတို့ကိုးကွယ်သော ထေရဝါဒ၏ အနှစ်အရသာနှင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး မဂ္ဂင်ရှစ်ပါး တရားအားဖြင့် ပွားများကျင့်ကြံကာ နိဗ္ဗာန်လမ်းသို့လျှောက်လှမ်းနိုင်ကြပါစေ။
လက်ချောင်းလေးတွေပေါ်က လက်စွပ်လေးများ၏ အဓိပ္ပာယ်

လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။
ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ
ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို
ဘာသာပြန်မျှဝေလိုက်ပါတယ်။
လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....
ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ
ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ
လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က
သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့်
ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။
နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက .....
လက်ညှိုး ---------- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ------- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် ------ စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ---------- တစ်ကိုယ်ရေတစ်ကာယ
ု
ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။
အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်တယ်။ ဒီလိုလက်စွပ်မျိုးက အလှအပအတွက်ဝတ်ဆင်တဲ့
လက်စွပ်ဖြစ်တာကြောင့် ဘယ်လက်မှာပဲဝတ်ဝတ် ရပါတယ်။
ရှေးရောမမှတ်တမ်းအရ လက်စွပ်ကို လက်မပေါ်ဝတ်ဆင်တာဟာ အောင်မြင်လိုစိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။
လက်ညှိုးပေါ်ဝတ်ဆင်တာက လန်းဆန်းတက်ကြွပြီး ကိုယ်ပိုင်အတွေးအမြင်ပိုရှိသူလို့ ခံစားစေပါတယ်။
လက်စွပ်ဝတ်ဆင်ရအကောင်းဆုံး လက်ချောင်းက လက်ခလယ်ပါပဲ။ လွတ်လပ်ပေါ့ပါးဟန်၊ ဆွဲဆောင်နိုင်မှုဟန်ကို
ပိုပေါ်လွင်စေပါတယ်။ သာမန်အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တဲ့လက်စွပ်က လက်ထပ်လက်စွပ်ဖြစ်တယ်။
လက်သူကြွယ်က ပိုသေးသွယ်တာကြောင့် ဘယ်လိုလက်စွပ်ပဲဝတ်ဝတ် သိမ်မွေ့လှပပါတယ်။
ဆန်းသစ်တဲ့ လက်စွပ်ဝတ်ဆင်နည်းကတော့ လက်သန်းမှာ ဝတ်ဆင်တာပဲဖြစ်တယ်။
လက်သန်းမှာ ရိုးရှင်းတဲ့လက်စွပ်လေးဝတ်ဆင်ထားရုံနဲ့တင် လက်က ချစ်စရာကောင်းနေတတ်ပါတယ်။
လက်သန်းမှာ လက်စွပ်ဝတ်ဆင်တာက "တစ်ယောက်တည်းပဲ နေချင်တယ်။
ချစ်သူမထားချင်သေးဘူး။ အချိန်ကုန်ခံပြီး ငါ့ကိုလိုက်မပိုးပန်းပါနဲ့" ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။

အဆန်းထွင်ထားတဲ့လက်စွပ်တွေကို ဝတ်ဆင်ချိန်မှာ ကိုယ်ပိုင်ဟန်ပိုပေါ်လွင်စေချင်ရင် လက်စွပ်နဲ့လိုက်ဖက်တဲ့၊
ပုံစံဆင်ပြီးရိုးရှင်းတဲ့ နောက်လက်စွပ်တစ်ကွင်းကို တခြားလက်တစ်ဖက်မှာ ဝတ်ဆင်နိုင်ပါတယ်။
တကယ်လို့ လက်စွပ်က လက်ပတ်နာရီနဲ့ လိုက်ဖက်ဝတ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဥပမာ- သင်ဝတ်ဆင်တဲ့လက်စွပ်က ပန်းလက်စွပ်လေးဆိုရင် သားရေကြိုး ရွှေရောင်ဒိုင်ခွက်နာရီကို
ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ သင်မှာရွေးချယ်စရာ နာရီ၊ လက်စွပ်တွေ များများစားစားမရှိဘူးဆိုရင်
လက်စွပ်နဲ့နာရီကို လက်တစ်ဖက်စီခွဲပြီး ဝတ်ဆင်နိုင်ပါတယ်။ မလိုက်ဖက်တဲ့အရာနှစ်ခုကို
လက်တစ်ဖက်တည်းမှာပဲ မဝတ်ဆင်မိဖို့ပဲလိုပါတယ်။

လက်တစ်ဖက်တည်းမှာ လက်စွပ်နှစ်ကွင်း ဝတ်ဆင်ချင်တယ်ဆိုရင် အရောင်လေးတွေ လိုက်ဖက်ဖို့လိုပါတယ်။
လက်စွပ်တစ်ကွင်းက ဆန်းပြားတဲ့လက်စွပ်ဖြစ်နေရင် နောက်လက်စွပ်တစ်ကွင်းက ရိုးရှင်းနေရပါတယ်။
အကောင်းဆုံးက ဘေးချင်းကပ်နှစ်ချောင်းနှစ်ချောင်းမှာ ဝတ်ဆင်တာပါပဲ။
ဥပမာ-- လက်ခလယ်နဲ့လက်ညှိုး၊ လက်ခလယ်နဲ့လက်သူကြွယ်၊ လက်သူကြွယ်နဲ့လက်သန်း....
လက်စွပ်နှစ်ကွင်းကြားမှာ လက်ချောင်းတစ်ချောင်း ခြားနေတာမျိုး မဖြစ်ပါစေနဲ့။
တူညီတဲ့ အများပြောပုံတစ်ခုက----
လက်မမှာဝတ်ဆင်တာက "ပိုးပန်း"တယ်။ (တစ်ဘက်လူကို ပိုးပန်းဖို့ လှုပ်ရှားတယ်)
လက်ညှိုးမှာဝတ်ဆင်တာက "တောင်းဆို"တယ်။ (နှလုံးသားက အချစ်ကိုတောင့်တတယ်)
လက်ခလယ်မှာဝတ်ဆင်တာက "တည်"တယ်။ (ချစ်ကြိုက်နေတယ် ဒါမှမဟုတ် စေ့စပ်ထားတယ်)
လက်သူကြွယ်မှာဝတ်ဆင်တာက "နှောင်ဖွဲ့"တယ်။ (လက်ထပ်ပြီးကြောင်းပြောတယ်)
လက်သန်းမှာဝတ်ဆင်တာက "ခွာ"တယ်။
(တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်တယ် ဒါမှမဟုတ် ကွာရှင်းထားတယ်)
အနောက်နိုင်ငံမှာ လက်စွပ်မဝတ်ဆင်ထားရင် "ပိုင်ရှင်မရှိသေးပါဘူး.. ပိုးပန်းနိုင်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။
လက်စွပ်ဟာ တန်ဆာဆင်ပစ္စည်းသက်သက်တစ်ခု မဟုတ်ဘဲ သင်ကြိုက်နှစ်သက်တဲ့ လက်စွပ်၊ သင်ဝတ်ဆင်တဲ့
လက်ချောင်းပေါ်မူတည်ပြီး သင့်အတွင်းစိတ်ကိုလည်း လှစ်ဟပြနိုင်ပါတယ်။
အမျိုးသားအတွက် ပြောရရင်---
ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။
ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့
စီးပွားရေးဦးနှောက်ရှိတယ်။ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။
အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။
အမျိုးသမီးအတွက် ပြောရရင် ---
ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက
ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။
ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက
စိတ်အားထက်သန်မှုများတယ်။
နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက်
ဘာသိဘာသာနေတတ်တယ်။
မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက်
နုရွသိမ်မွေ့လွန်းပါတယ်။
ဦးနှောက်ကို ပျက်စီးစေသောအကြောင်း(၁၀)ချက်( mmict.net )
(၁) စကားနည်းခြင်းအသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
(၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့
စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
(၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
(၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
(၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျှော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။
(၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
(၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ
ကျဆင်းစေပါတယ်။
(၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
တောင်ကိုးရီးယားနိုင်ငံက အင်တာနက် သုံးတဲ့ သူတွေ တော်တော်ကံကောင်းတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် အမြန်နှုန်းကို အမြင့်ဆုံးသုံးစွဲ နိုင်တဲ့ နိုင်ငံ ဖြစ်လို့ပါပဲ။ အင်တာနက်ကွန်နက်ရှင်က သင့်တင့်တဲ့ အမြန်နှုန်းရှိမှသာ Website တွေနဲ့ Video File တွေကို အဆင်ပြေပြေ ကြည့်ရှု့နိုင်မှာ ဖြစ်သလို တစ်ချို့ application တွေကိုလည်း အဆင်ပြေပြေ download လုပ်နိုင်တယ်ဆိုတာ အင်တာနက်သုံးဖူးသူတိုင်း သိ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အင်တာနက် download လုပ်တဲ့နှုန်းက ကမ္ဘာပေါ်မှာ အမြန်ဆုံးဆိုတော့ တောင်ကိုးရီးယားနိုင်ငံ သား အင်တာနက်သုံးစွဲသူတွေ ပျော်ကြမှာက အသေအချာပဲပေါ့။
ကမ္ဘာတစ်ဝန်းက အင်တာနက်ချိတ်ဆက်မှုတွေကို လေ့လာစီစစ်ထားတဲ့ Pando Networks ရဲ့ 26 ကြိမ်မြောက် အစီရင်ခံစာက အင်တာနက် download အမြန်နှုန်းအမြင့်ဆုံးရနိုင်တဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားက ပထမ၊ ရိုမေးနီးယားက ဒုတိယ၊ ဘူဂေးရီးယားက တတိယ နဲ့ လစ်သူယေးနီးယား နိုင်ငံက စတုတ္ထနေရာတွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
တောင်ကိုးရီးယားနိုင်ငံရဲ့ ပျမ်းမျှ download speed အမြန်နှုန်းက တစ်စက္ကန့်မှာ 2,202 Kilobytes ၊ ရိုမေးနီးယားက တစ်စက္ကန့်မှာ 1,909 KBps ၊ ဘူလ်ဂေးရီးယားက 1,611 KBps ၊ လစ်သူယေးနီးယားက 1,462 KBps အသီးသီး ရရှိကြတယ်လို့ ဆိုတယ်။ သူတို့ရဲ့ နောက်မှာ ဂျပန်နိုင်ငံက 1,364 KBps ၊ ဆွီဒင်နိုင်ငံက 1,234 KBps ၊ ယူကရိန်းက 1,190 KBps ၊ ဒိန်းမတ်က 1,020 KBps နဲ့ ဟောင်ကောင်က 992 KBps စတဲ့ Download အမြန်နှုန်းတွေ ရရှိနေကြပါတယ်။
အင်တာနက်သုံးတဲ့သူတွေ စိတ်ညစ်ရတဲ့ နိုင်ငံတွေကတော့ အင်တာနက်ကွန်နက်ရှင်နှေးကွေးလွန်းတဲ့ နိုင်ငံတွေပဲ ဖြစ်ပါလိမ့်မယ်။ Pando Networks ရဲ့ အစီရင် ခံစာထဲမှာ အင်တာနက် download အနှေးဆုံးနိုင်ငံက ကွန်ဂိုသမ္မတနိုင်ငံ ဖြစ်ပြီး သူ့ရဲ့ download အမြန်နှုန်းက တစ်စက္ကန့်မှာ 13KBps ပဲရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့နောက်မှာ အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံ 14 KBps နဲ့ ကိုမိုရိုနိုင်ငံ (23 KBps) တို့ ရှိကြပါတယ်။
ယေဘုယျအားဖြင့် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် အင်တာနက် အမြန်နှုန်း ပိုသာတယ်လို ဆိုနိုင်ပေမဲ့ အမေရိကန်ပြည်ထောင်စု (660KBps) ဗြိတိန် (599 KBps) ပြင်သစ် (604 KBps) တရုတ် (245 KBps ) ကနေတာ (575KBps) စတဲ့ နိုင်ငံတွေရဲ့ အမြန်နှုန်းက အမြန်ဆုံးနိုင်ငံတွေရဲ့ နှုန်းကို လိုက်မမီတာကိုလည်း ထူးထူးခြားခြား တွေ့ရှိရတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေရဲ့ ပျမ်းမျှ download အမြန်နှုန်းက 580 KBps ရှိနေတယ်လို့ Pando Network ရဲ့ အစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ် ။
ဒါတွေသိပြီးပြီလား???
၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။(၂) Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။
(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။
(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။
(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။
(၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေပါကြတယ်။
(၇)M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲ စားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။
(၈)ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်က James Bond 007 ဇာတ်ကား ကြည့်ဖူးကြတယ်။
(၉)နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သံလိုက်စွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ မြောက်ဝန်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီး တောင်ဝန်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။
(၉)အမေရိကန်က Major League Baseball (MLB) ကစားသမားတွေက မဖြစ်မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ် ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။
(၁၀)ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။
(၁၁)Olympic အလံက စက်ဝိုင်းအရောင်တွေက အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာက ကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာ အနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။
(၁၂)ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့ square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉ ခုရှိပါတယ်။
(၁၃)La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့ အတွက် လေထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။
(၁၄)အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီး ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့ သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။
(၁၅)ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥ အနေနဲ့ကော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။
(၁၆)လူတွေသေတဲ့ အခါမှာ နောက်ဆုံး အလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။
(၁၇)အမေရိကန်က WAL-MART စတိုးဆိုင်က ၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။
(၁၈)ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာ အမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာရည်တွေ ထည့်သုံးကြပါတယ်။
(၁၉)ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို ၁၉၃၉ မှာ စပြီး ဖန်တီးခဲ့ကြတယ်။
(၂၀)ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာ အသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာဖြစ်တယ်။
(၂၁)၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt က လူပေါင်း 8513 ယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။
(၂၂)Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကို တစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး ဘာလို့လဲဆိုတော့ သူတို့က နားမကြား ကြလို့ဖြစ်ပါတယ်။
(၂၃)ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။
(၂၄)Neil Armstrong လပေါ်ကို ခြေချတုန်းက ဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။
(၂၅)အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကို စားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။
(၂၆)အမေရိကန် ၄ ယောက်တိုင်းမှာ ၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေဖြစ်ပါတယ်။
(၂၇)Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်
အားလုံး ဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ...
No comments:
Post a Comment