Gtalkသုံးနေသူများအတွက်........
ဂျပန်လို၊ထိုင်းလို၊ကိုရီးယားလို၊တရုတ်လို.........ဘာသ
en2ja@bot.talk.google.com ကဂျပန်လို
en2th@bot.talk.google.com က ထိုင်းလို
en2ko@bot.talk.google.comက ကိုရီးယားလို
en2zh@bot.talk.google.comက တရုတ်လို
အဲ့အကောင့်တွေကိုအပ်လိုက်နော်^^
ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သန်းတစ်ထောင်ပြည့်

ဟားဗတ်ကျောင်းသားတစ်စုအတွက် စခဲ့သော လူမှုရေးကွန်ရက်အဖြစ်မှ ကမ္ဘာပေါ်ရှိအင်တာနက်သုံးစွဲသူ အမြောက်အမြားသုံးစွဲသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့သော ဖေ့စ်ဘွတ်ခ်သည် ယခုအခါ အသုံးပြုသူသန်းတစ်ထောင် ပြည့်ခဲ့ပြီဖြစ်ကြောင်း တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
"ဖေ့စ်ဘွတ်ခ်ကို လစဉ်ပုံမှန်သုံးစွဲနေသူအရေအတွက်ဟာ ဒီမနက်မှာတော့ သန်းတစ်ထောင်ကျော်ခဲ့ပါပြီ။ ခင်ဗျားတို့ ဒါကိုဖတ်ဖြစ်တယ်ဆိုရင် ကျွန်တော်နဲ့ကျွန်တော့်ရဲ့ အဖွဲ့ငယ်လေးက ခင်ဗျားတို့အတွက် ဂုဏ်ယူစွာနဲ့ဝန်ဆောင်မှုပေးခွင့်ရတာအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လူသန်းတစ်ထောင်ကျော်လောက် ချိတ်ဆက်နိုင်ဖို့ကူညီရတာဟာ အံ့အားသင့်စရာကောင်းသလို ကျွန်တော့်ဘ၀အတွက် ဂုဏ်အယူရဆုံးကိစ္စလည်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ခင်ဗျားတို့အတွက် ပိုကောင်းလာအောင် နေ့စဉ်နဲ့အမျှ ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးပါတယ်။ တစ်နေ့မှာ တစ်ကမ္ဘာလုံးအတူတကွချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။
ဇက်ကာဘာ့ဂ်ျသည် ဟားဗတ်တက္ကသိုလ်တက်ရောက်စဉ် ၂၀၀၃ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်၏အခြေခံဖြစ်လာမည့် Facemash ကိုစတင်ဖန်တီးခဲ့သည်။
သုံးစွဲသူ တစ်ဘီလျံပြည့်ခြင်းသည် ဖေ့စ်ဘွတ်ခ်အတွက် ထင်ရှားသည့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့သော်လည်း အများပြည်သူသို့ရှယ်ယာစတင်ရောင်းချပြီးနောက်ပိုင်း ရှယ်ယာဈေး တစ်ဟုန်ထိုးကျဆင်းနေမှုကို ကိုင်တွယ်ရေးမှာ စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသည်။ မေလကစတင်ပြီး အများပြည်သူသို့ ရှယ်ယာစရောင်းစဉ်က ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာသတ်မှတ်ခဲ့သော ဖေ့စ်ဘွတ်ခ်ရှယ်ယာများသည် ၂၁ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။ အဓိကမှာ ငွေကြေးအရ အကျိုးအမြတ်ရှာဖွေမှုတွင် ခိုင်မာသော လမ်းကြောင်းရှိမနေခြင်းနှင့် စတော့ဈေးကွက်တွင်းဝင်စဉ်က ရှယ်ယာတန်ဖိုးကို ရှိသင့်သည်ထက် ပိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။

တစ်ရက်ကို ၂၀၀ကျပ်နှင့် အင်တာနက်သုံးစွဲနိုင်မည့် Mobile E-mail service(mmict.net)
Call Center မှဝန်ဆောင်မှု အသစ်အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အငတ်နက်သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထားပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက် အသုံးပြုခဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံဲးပြုနိုင်မှာ ဖြစ်ပါတယ် ။
အသုံးပြုလို သူတွေအနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ရမှာဖြစ်ပါတယ် ။ ဒီလိုပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့စကားလုံးကို အင်္ဂလိပ် အက္ခရာစာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Password ကိုပေးပို့ရမှာ ဖြစ်ပါတယ် ။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ်ထဲမှာ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကိုသိရှိလိုပါကလည်း
Call Center သို့စုံစမ်း မေးမြန်းနိုင်တယ်လို့ သိရပါတယ် ။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ်ထားပြီး အသုံးမပြု လိုတဲ့ရက်ရှိပါက Call Center သို့ကြိုတင် အကြောင်းကြာပြီး Sever ပိတ်ထားရမှာဖြစ်ပါတယ်။ ဒီလိုအကြောင်းမကြားပါက တစ်လစာအတွက် ကျပ် ၆၀၀၀ ကုငိ မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ ၀န်ဆောင်မှုကို ယခု ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
Online ရှာဖွေမှုတွင်အန္တရာယ်အများဆုံး celebrity(mmict.net)

ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားမှ မင်းသမီးဖြစ်သူ အမ်မာဝပ်ဆန်သည် အွန်လိုင်းရှာဖွေမှုများတွင် အန္တရာယ်အများဆုံး celebrity ဖြစ်ကြောင်းနှင့် ဆိုက်အများစုသည် ၀ပ်ဆန်၏အမည်ကို အသုံးပြုကာ user များအား အန္တရာယ်ရှိသည့်ဆော့ဖ်ဝဲများ download ပြုလုပ်ခြင်း၊ကိုယ်ရေးအချက်အလက် ခိုးယူခြင်းတို့အတွက် လိမ်လည်လှည့်ဖြားလျက်ရှိကြောင်း McAfee မှပြောကြားလိုက်သည်။
အသက် ၂၂ နှစ်အရွယ် ၀ပ်ဆန်နှင့်ပတ်သက်၍ အင်တာနက်၌ ရှာဖွေမှုများတွင် အန္တရာယ်အရှိဆုံး celebrity များကို လေ့လာမှုပြုလုပ်ခဲ့ပြီး ခြောက်ကြိမ်မြောက်တွင် အမ်မာဝပ်ဆန်ကို အန္တရာယ်အများဆုံး celebrity အဖြစ် ဖော်ပြခဲ့ခြင်ဖြစ်သည်။ အွန်လိုင်းရှာဖွေမှုတွင် အန္တရာယ်အများဆုံး အခြား celebrity များမှာ ဂျက်စီကာဘီးလ်၊ အီဗာမန်ဒက်စ်၊ ဆီလီနာဂိုးမက်ဇ်နှင့် ဟယ်လီဘယ်ရီတို့ဖြစ်သည်။
ကမ္ဘာပေါ်မှာ ကွန်နက်ရှင်အကောင်းဆုံးနိုင်ငံ(mmict.net)
တောင်ကိုးရီးယားနိုင်ငံက အင်တာနက် သုံးတဲ့ သူတွေ တော်တော်ကံကောင်းတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် အမြန်နှုန်းကို အမြင့်ဆုံးသုံးစွဲ နိုင်တဲ့ နိုင်ငံ ဖြစ်လို့ပါပဲ။ အင်တာနက်ကွန်နက်ရှင်က သင့်တင့်တဲ့ အမြန်နှုန်းရှိမှသာ Website တွေနဲ့ Video File တွေကို အဆင်ပြေပြေ ကြည့်ရှု့နိုင်မှာ ဖြစ်သလို တစ်ချို့ application တွေကိုလည်း အဆင်ပြေပြေ download လုပ်နိုင်တယ်ဆိုတာ အင်တာနက်သုံးဖူးသူတိုင်း သိ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အင်တာနက် download လုပ်တဲ့နှုန်းက ကမ္ဘာပေါ်မှာ အမြန်ဆုံးဆိုတော့ တောင်ကိုးရီးယားနိုင်ငံ သား အင်တာနက်သုံးစွဲသူတွေ ပျော်ကြမှာက အသေအချာပဲပေါ့။
ကမ္ဘာတစ်ဝန်းက အင်တာနက်ချိတ်ဆက်မှုတွေကို လေ့လာစီစစ်ထားတဲ့ Pando Networks ရဲ့ 26 ကြိမ်မြောက် အစီရင်ခံစာက အင်တာနက် download အမြန်နှုန်းအမြင့်ဆုံးရနိုင်တဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားက ပထမ၊ ရိုမေးနီးယားက ဒုတိယ၊ ဘူဂေးရီးယားက တတိယ နဲ့ လစ်သူယေးနီးယား နိုင်ငံက စတုတ္ထနေရာတွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။တောင်ကိုးရီးယားနိုင်ငံရဲ့ ပျမ်းမျှ download speed အမြန်နှုန်းက တစ်စက္ကန့်မှာ 2,202 Kilobytes ၊ ရိုမေးနီးယားက တစ်စက္ကန့်မှာ 1,909 KBps ၊ ဘူလ်ဂေးရီးယားက 1,611 KBps ၊ လစ်သူယေးနီးယားက 1,462 KBps အသီးသီး ရရှိကြတယ်လို့ ဆိုတယ်။ သူတို့ရဲ့ နောက်မှာ ဂျပန်နိုင်ငံက 1,364 KBps ၊ ဆွီဒင်နိုင်ငံက 1,234 KBps ၊ ယူကရိန်းက 1,190 KBps ၊ ဒိန်းမတ်က 1,020 KBps နဲ့ ဟောင်ကောင်က 992 KBps စတဲ့ Download အမြန်နှုန်းတွေ ရရှိနေကြပါတယ်။
အင်တာနက်သုံးတဲ့သူတွေ စိတ်ညစ်ရတဲ့ နိုင်ငံတွေကတော့ အင်တာနက်ကွန်နက်ရှင်နှေးကွေးလွန်းတဲ့ နိုင်ငံတွေပဲ ဖြစ်ပါလိမ့်မယ်။ Pando Networks ရဲ့ အစီရင် ခံစာထဲမှာ အင်တာနက် download အနှေးဆုံးနိုင်ငံက ကွန်ဂိုသမ္မတနိုင်ငံ ဖြစ်ပြီး သူ့ရဲ့ download အမြန်နှုန်းက တစ်စက္ကန့်မှာ 13KBps ပဲရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့နောက်မှာ အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံ 14 KBps နဲ့ ကိုမိုရိုနိုင်ငံ (23 KBps) တို့ ရှိကြပါတယ်။
ယေဘုယျအားဖြင့် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် အင်တာနက် အမြန်နှုန်း ပိုသာတယ်လို ဆိုနိုင်ပေမဲ့ အမေရိကန်ပြည်ထောင်စု (660KBps) ဗြိတိန် (599 KBps) ပြင်သစ် (604 KBps) တရုတ် (245 KBps ) ကနေတာ (575KBps) စတဲ့ နိုင်ငံတွေရဲ့ အမြန်နှုန်းက အမြန်ဆုံးနိုင်ငံတွေရဲ့ နှုန်းကို လိုက်မမီတာကိုလည်း ထူးထူးခြားခြား တွေ့ရှိရတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေရဲ့ ပျမ်းမျှ download အမြန်နှုန်းက 580 KBps ရှိနေတယ်လို့ Pando Network ရဲ့ အစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ် ။
No comments:
Post a Comment